International News

ငှက်ပျောသီးတင်ပို့မှုတွင် ဂျပန်နိုင်ငံသို့ ဈေးကွက်ဝင်ခွင့် ပိုမိုရရှိရန် ဖိလစ်ပိုင် ဆောင်ရွက်မည်

Last Updated:

ဖိလစ်ပိုင်နိုင်ငံမှ ဂျပန်နိုင်ငံသို့တင်ပို့သည့် ငှက်ပျောသီးများအတွက် ရာသီချိန်တွင် ကောက်ခံသည့်အခွန် (Seasonal Tariff) အား ဖယ်ရှားပေးရန်နှင့် တန်ဖိုးဖြည့်ခွန် (VAT) ပေးချေမှုအပေါ် ပြန်အမ်းငွေဆိုင်ရာကိစ္စရပ်များအား ဖြေရှင်းနိုင်ရေးတို့ကို ဂျပန်-ဖိလစ်ပိုင် စီးပွားရေးမိတ်ဖက်သဘောတူညီချက် (Japan-Philippines Economic Partnership Agreement-JPEPA) ပြန်လည်သုံးသပ်ခြင်းအစီအစဉ်တွင် ဖိလစ်ပိုင်နိုင်ငံက တိုက်တွန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ Cavendish အမျိုးအစား ငှက်ပျောသီးတင်ပို့မှုအတွက် ရာသီချိန်တွင် အခွန် ၁၈ ရာခိုင်နှုန်းပေးဆောင်ရပြီး၊ ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ဈေးကွက်တွင် ၎င်း၏အကြီးဆုံးယှဉ်ပြိုင်ဘက် အီကွေဒေါနိုင်ငံနှင့် ပီရူး၊ မက္ကဆီကို စသည့်နိုင်ငံများအား ဈေးကွက်ဝေစုဆုံးရှုံးလျက်ရှိကြောင်း၊ ရာသီချိန်ပြင်ပတွင် ကောက်ခံသည့် အခွန်နှုန်းထား (Offseason tariff) မှာ ၈ ရာခိုင်နှုန်းရှိကြောင်း၊ မက္ကဆီကိုနိုင်ငံအနေဖြင့်မူ ဂျပန်နိုင်ငံသို့ တစ်နှစ်ပတ်လုံး အခွန်သုညရာခိုင်နှုန်းဖြင့် တင်ပို့ခွင့်ရရှိနေကြောင်းသိရပါသည်။

၂၀၂၁ ခုနှစ်၊ ဂျပန်နိုင်ငံ၏ ငှက်ပျောသီးတင်သွင်းမှုတွင် ဖိလစ်ပိုင်နိုင်ငံသည် တန်ချိန် (၈၄၄) သန်းဖြင့် ဈေးကွက်ဝေစု ၇၆ ရာခိုင်နှုန်းရရှိခဲ့ကြောင်း၊ ယခင်နှစ်များတွင် ဖိလစ်ပိုင် နိုင်ငံ၏ ဈေးကွက်ဝေစုသည် အမြင့်ဆုံးအဖြစ် ၉၀ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၊ Mindanao ဒေသရှိ ငှက်ပျောသီးနှင့် နာနတ်သီး စိုက်ပျိုးသူများက ဂျပန်နိုင်ငံဈေးကွက် ပိုမိုရရှိရေးကို တောင်းဆိုလျက်ရှိကြကြောင်း သိရပါသည်။

 

 

 

ကျော်စိန်ဝင်း (STP)

ရင်းမြစ် -   https://www.freshplaza.com/

Category: International News